မောရမြီ ကျော်လှမြင့်၏ ပိုစ့်မှ ကူးယူဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ် မေလ ၁၀ ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာအုပ်စု သင်္ဂနက်ကျေးရွာ၌ ညအချိန်အမျိုးသမီး ၁ ဦးကို ကြိုးတုတ်ချည်နှောင်ပြီး ဓါးပြတိုက်ခဲ့သည် ဟု ကျေးရွားသားများမှ ပြောကြားခဲ့ပါသည်။

ယင်းကဲ့သို့ ကြိုးတုတ် ဓါးပြတိုက်ခံခဲ့ရသူမှာ ကျေးရွာတွင် သာရေးနာရေးကဏ္ဍများကို ဦးဆောင်ပြုလုပ်နေသူဦးမောင်သန်း၏ဇနီးဒေါ် (   –   ) ၃၅နှစ် ခန့်ဖြစ်ကာ ၉/၅/၂၀၂၁ နေ့ ညနေ ၉:၀၀ နာရီခန့်တွင် သူ့အမျိုးသား‌ နေအိမ်၌ မရှိခိုက် လူနှစ်ဦး နေအိမ်သို့ဝင်လာကာ အော်ငှေါက် ခြိမ်းခြောက် ချွန်ထက်သည့် အရာနှင့်ထောက်ပြီး ကြိုးတုတ်ချဉ်နှောင်ကာ ရွှေ ငွေများကို သေတ္တာဖွင့်ယူဆောင်သွားခြင်းဖြစ်ကြောင်း အနီးပတ်ဝန်းကျင်တွင် ရှင်ပြုအလှူပွဲမှ အသံချဲ့စက် Soundbox ဖွင့်သံများနှင့် ဆူညံနေသဖြင့် ‌ခေါ်အော်အကူအညီတောင်း၍ အဆင်မပြေခဲ့ကြောင်း သိရှိရပါသည်။